back

အမေရိကန်ခရစ်ယာန် အဖွဲ့ ငလျင်သင့်မြန်မာရှိပြည်သူတွေကို ကူညီဖို့ ဆေးပညာရှင်တွေ စေလွှတ်ခဲ့

Apr 01 • 4:26 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အမေရိကန်ခရစ်ယာန် အဖွဲ့ ငလျင်သင့်မြန်မာရှိပြည်သူတွေကို ကူညီဖို့ ဆေးပညာရှင်တွေ စေလွှတ်ခဲ့

အမေရိကန်နိုင်ငံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေပါတဲ့ ခရစ်ယာန် (Samaritan Purse) အဖွဲ့ကို မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ဒေသတွေကို စေလွှတ်ပြီး ခွဲစ...

အမေရိကန်နိုင်ငံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေပါတဲ့ ခရစ်ယာန် (Samaritan Purse) အဖွဲ့ကို မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ဒေသတွေကို စေလွှတ်ပြီး ခွဲစိပ်ခန်း နှစ်ခန်းပါတဲ့ ယာယီဆေးရုံတစ်ခုကိုတည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန်က သူ့ ဖေစ်ဘုက်ခ်မှာ မတ်လ ၃၁ ရက် နေ့က ရေးသားထားပါတယ်။ ဒီယာယီဆေးရုံထဲမှာ အရေးပေါ်ခန်း၊ လူနားထားခန်း၊ ဆေးပေးခန်းတွေပါဝင်မှာဖြစ်ပြီး ဆရာဝန်၊ သူနာပြု၊ ကယ်ဆယ်ရေးသမား၊ သောက်ရေဆိုင်ရာကျွမ်းကျင်ပညာရှင် ခရစ်ယာန် (Samaritan Purse) အဖွဲ့ဝင် ဝန်ထမ်းအားလုံးပေါင်း ဦးရေ ၈၀ ကနေ ၁၃၀ အထိ ပါတယ်လို့ဆိုပါတယ်။ခရစ်ယာန် (Samaritan Purse) အဖွဲ့ဟာ မြန်မာပြည်သူတွေနဲ့အတူ နှစ်ပေါင်း ၃၀ လောက် လုပ်ကိုင်ခဲ့ဖူးတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။



news-view-count-icon

28