ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသော မန္တလေးစကိုင်းဗီလာကွန်ဒိုတွင် နေထိုင်သော HCIS ကိုယ်ပိုင်အထက်တန်းကျောင်းမှ နိုင်ငံခြားသား ဆရာ၊ ဆရာမ ၅ ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှ ဆရာ၃ ဦး၊ ရုရှားမှဆရာ ၁ ဦးနှင့် ဖိလစ်ပိုင်မှ ဆရာ၁ ဦးတို့ပါဝင်ပြီးမတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ငလျင်လှုပ်ခတ်ပြီးကတည်းက မန္တလေးစကိုင်းဗီလာတွင် နေထိုင်သော HCIS ကိုယ်ပိုင် အထက် တန်းကျောင်းမှ နိုင်ငံခြားသား ဆရာ၊ ဆရာမ ၅ ဦးမှာ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေကြောင်း၊ စကိုင်းဗီလာကွန်ဒို ပြိုကျမှုတွင် ပိတ်မိပါဝင်သွားကြောင်း သိရှိရပါတယ်။မန္တလေးရှိစကိုင်းဗီလာတွင် တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရပါတယ်။






