သရုပ်ဆောင် ထက်ထက်မိုးဦးဟာ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ချိန်မှာ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ ရတနာဆိုင်မှာ အလုပ်လုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ငလျင်လှုပ်ခတ်ချိန် အားလုံးထွက်ပြေးကြ၊ ပစ္စည်းတွေပြုတ်ကျရင်းနဲ့ ဘာနဲ့ထိခိုက်မိသွားမှန်းမသိပေမယ့် ဆေးရုံရောက်လို့ X Ray ရိုက်ပြီးချိန်မှာ အရိုးကျိုးနေမှန်း သိလိုက်ရပြီး လောလောဆယ်မှာတော့ ကြောက်စိတ်နဲ့ဒဏ်ရာနဲ့ကြောင့် ဝမ်းနည်းနေပေမယ့် မကြာခင် ပြန်လည်ထူထောင်ရေးတွေမှာ သူမတတ်စွမ်းသမျှကူညီသွားမယ်လို့ ထက်ထက်မိုးဦးကပြောပါတယ်။
Apr 01 • 2:22 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


