back

မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသူ(၂၅၉)ဦး၏ ရုပ်အလောင်းများကို မတ်၃၁ရက်၌ ထုတ်ယူနိုင်ခဲ့

Apr 01 • 1:03 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသူ(၂၅၉)ဦး၏ ရုပ်အလောင်းများကို မတ်၃၁ရက်၌ ထုတ်ယူနိုင်ခဲ့

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးထိခိုက်ပျက်စီးမှုများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တရုတ်နိုင်ငံမှ...

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးထိခိုက်ပျက်စီးမှုများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၃၁.၃.၂၀၂၅ ရက်နေ့တွင် မ (၅)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ကျား(၁၆)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၂၇)ဦး၏ ရုပ်အလောင်းများအား ထုတ်ယူနိုင်ခဲ့ပါသည်။ စတင်ဖြစ်ပွားအချိန်မှာ ယခုအချိန်ထိ မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်းလူဦးရေ (၄၀၃)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ (၂၅၉)ဦး၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ခဲ့ပါတယ်။




news-view-count-icon

12