ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲံများအား ငလျင် ဘေးဒဏ်သင့်ဒေသများသိုံ အတားအဆီးမရှိ သွားရောက်ခွင့်ပေးရန် ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် တောင်းဆိုလိုက်သည်။‘ကျွန်တော်တိုံတွေ မန္တလေးနဲ့ အနီးတဝိုက်ဒေသတွေမှာ သိသာထင်ရှားစွာရှိနေပြီး ထောက်ပံ့ပိုံဆောင်ရေးဆိုင်ရာ အခက်အခဲများ ရှိနေပေမဲ့လည်း အကူအညီလိုအပ်နေသူများထံ ရောက်ရှိဖို့ ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားလျက်ရှီပါသည်။ ဒါပေမဲ့လည်း ရှေ့လာမယ့် ရက်သတ္တပတ်တွေမှာ အများကြီး ပိုလိုအပ်လာမှာပါ။ မြန်မာပြည်သူတွေသည် နိုင်ငံတကာ အသိုင်းအဝန်းတစ်ခုလုံး၏ ခိုင်မာသော ထောက်ပံ့ကူညီမှုကို အခုလက်ငင်းကို လိုအပ်နေတာ ဖြစ်ပါတယ်”ဟု ကုလသမဂ္ဂဌာနေ ညှိနှိင်းရေးမှုးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးမှူး (ယာယီ) မစ္စတာ မာကိုလူဂျီ ကော်စီက ပြောသည်။မြန်မာအတွက် တုန့်ပြန်ရေးလုပ်ငန်းများ ထပ်တိုးဆောင်ရွက်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်များအတွက် သုံးစွဲရန် ရန်ပုံငွေ ဆောလျင်စွာထောက်ပံ့ကြရေးအတွက် အလှူရှင်များအား ကုလက အရေးတကြီးတောင်းဆိုထားသည်ကို တွေ့ရသည်။



