ပစိဖိတ်ကျွန်းနိုင်ငံ တွန်ဂါနားမှာ မတ် ၃၁ ရက် ဒီမနက်အစောပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၀ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်လို့ ဆူနာမီသတိပေးချက် ထုတ်ပြန်ပြီး ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ဖို့ အာဏာပိုင်တွေက အကြံပြုခဲ့ပါတယ်။ တွန်ဂါ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံး (NDRMO) က ငလျင်လှုပ်ခတ်ပြီးနောက် နေရာအားလုံးအတွက် ထိခိုက်မှုမရှိဘူးလို့ ပြောကြားထားသည်။



