back

ငလျင်လှုပ်ခတ်ပြီးနောက် ကုန်ပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လာ

Mar 31 • 1:10 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်လှုပ်ခတ်ပြီးနောက် ကုန်ပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လာ

နိုင်ငံအတွင်း ပြီးခဲ့တဲ့ မတ်လ ၂၈ရက်က မြေငလျင်ကြီးလှုပ်ခတ်ပြီးနောက် တချို့ ကုန်ပစ္စည်း ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ရန်ကုန်ဒေသခံ ပြောပါတယ်။ မြေငလျင်က နိုင်ငံမြ...

နိုင်ငံအတွင်း ပြီးခဲ့တဲ့ မတ်လ ၂၈ရက်က မြေငလျင်ကြီးလှုပ်ခတ်ပြီးနောက် တချို့ ကုန်ပစ္စည်း ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ရန်ကုန်ဒေသခံ ပြောပါတယ်။ မြေငလျင်က နိုင်ငံမြိုတော်နေပြည်တော်၊ စီးပွားရေးလုပ်ငန်း အများအပြားရှိတဲ့ မန္တလေးမြိုတို့က လုပ်ငန်းတွေနဲ့ နေအိမ်တွေ အများအပြား ပျက်စီးခဲ့ပြီး ခရီးသွားလုပ်ငန်းတွေ ဖွံဖြိုးတဲ့ ရှမ်းပြည်တောင်ပိုင်းက မြို့တွေမှာပါ ထိခိုက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း ဆန်၊ သောက်ရေသန့်၊ မီးသွေး၊ ဂက်စ်၊ သုံးရေ၊ စားသောက်ကုန်အသီးအရွက် အသားငါး၊ ကုန်ခြောက်၊ ကြက်ဥ ဘဲဥနဲ့ မုန့်တချို၊ အခြား အသုံး အဆောင်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း မြင့်တက်နေ တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ပြီးနောက် ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတဲ့အပြင် တယ်လီဖုန်းတွေ ဆက်သွယ်မရ ဖြစ်နေတာပါ။ ဒါ့အပြင် နိုင်ငံရဲ့ အဓိက ကုန်သွယ်ရေးလမ်းကလည်း ငလျင်ဒဏ်ခံထားရတာကြောင့် ကုန်စည်ပို့ဆောင်မှုတွေ နှောင်နှေးနေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်သူတချို့က ပြောဆိုထားပါတယ်။  



news-view-count-icon

19