အစ္စလာမ်ဘာသာဝင်များ၏ အမြင့်မြတ်ဆုံးနေ့တွင် ပျော်ပွဲရှင်ပွဲမပြုလုပ်ဘဲ ငလျင်ဘေးသင့် ပြည်သူများအတွက် အစ္စလာမ်ဘာသာဝင်များက အီးဒ်နမာဇ်ရွတ်ဖတ် ပူဇော် ဆုတောင်းခြင်းနှင့် ငလျင်သင့် ဒေသသို့ လှူတန်းရန် အလှူငွေကောက်ခံခြင်းကို မတ်လ(၃၁)ရက် နံနက်(၇)ခွဲတွင်လားရှိးမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။အစ္စလာမ်ဘာသာဝင်များ၏ အမြင့်မြတ်ဆုံး ဥပုလ်လပြီးသည့်နောက် ကျင်းပမြဲဖြစ်သော အီးဒ်ပွဲတော်ကို လားရှိးမြို့ရှိ ဘူတာဗလီ၊ လားရှိးကြီးဗလီ၊ ရပ်ကွက်(၇)ဝတ်ပြုဆောင်၊ ဈေးကြီးဂျာမေးဗလီတိုတွင် ငလျင်ဘေးသင့် ပြည်သူများအတွက် ကြေကွဲဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းမရှိဘဲ ဆုတောင်းခြင်း၊ အလှူငွေကောက်ခံခြင်းသာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။အထူးဒေသ(၁)လားရှိးမြိုရှိ အစိုးရအဖွဲများအပြင် ဘာသာရေးဆိုင်ရာ အဖွဲအစည်းများ၊ လူငယ်အဖွဲအစည်းများ၊ ဒေသခံပြည်သူများက ငလျင်ဘေးသင့် ပြည်သူများထံလှူတန်းနိုင်ရန် အခက်ခဲများစွာကြားက နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရပါသည်။



