back

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ငလျင်ဘေးသင့် မြန်မာနိုင်ငံကို ဧပြီလ ၅ ရက်နေ့ လာရောက်မည်

Mar 31 • 10:42 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ငလျင်ဘေးသင့် မြန်မာနိုင်ငံကို ဧပြီလ ၅ ရက်နေ့ လာရောက်မည်

မြန်မာ နဲ့ ထိုင်းနိုင်ငံက အင်အားပြင်း ငလျင်ဒဏ်ခံခဲ့ရသူတွေ အရေး နဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မတ်လ ၃၀ ရက်နေ့က အရေးပေါ် အထူးအစည်းအဝေး ကျင်းပပြီးနော...

မြန်မာ နဲ့ ထိုင်းနိုင်ငံက အင်အားပြင်း ငလျင်ဒဏ်ခံခဲ့ရသူတွေ အရေး နဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မတ်လ ၃၀ ရက်နေ့က အရေးပေါ် အထူးအစည်းအဝေး ကျင်းပပြီးနောက် ထုတ်ပြန်လိုက်တာပါ။အစည်းအဝေးမှာ အာဆီယံဝန်ကြီးတွေက ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာ နဲ့ ထိုင်း နိုင်ငံက အထူးသဖြင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ဘန်ကောက်၊ ချင်းမိုင် နဲ့ အနီးတဝိုက်ဒေသတွေက ထိခိုက် သေဆုံးမှုတွေ ပျက်စီးမှုတွေအတွက် အထူး ဝမ်းနည်းကြေကွဲကြောင်း ပြောဆိုခဲ့ကြပါတယ်။အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးစင်တာ AHA Center က အာဆီယံအရေးပေါ် တုံပြန်ရေး နဲ့ အကဲဖြတ်ရေးအဖွဲ (ERAT) နဲ့ အာဆီယံ ဘေးအန္တရာယ် အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးစနစ် (DELSA) က တဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ စုစည်း ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ AHA Center ရဲ့ အကူအညီနဲ့ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေ အချိန်နဲ့တပြေးညီ ထိထိရောက်ရောက်ပံ့ပိုးနိုင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ကတိကဝတ်ပြုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ 



news-view-count-icon

13