မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုတွင် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနှင့်မိသားစုဝင်များ သေဆုံးကြောင်း သုခဒိုင်းမွန်းစိန်တိုက်က တရား ဝင် သတင်းထုတ်ပြန်ထားပါတယ်။သုခဒိုင်းမွန်းစိန်တိုက်၏ ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီဒါ်မိုးသီတာရွှေ နှင့် သားသမီးများမြေးလေးတို့မှာ 28.3.2025 တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကွယ်လွန်အနိစ္စရောက်သွားပါပြီ" ဟု အဆိုပါ စိန်တိုက်က သတင်းထုတ်ပြန်ထားရာမန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနှင့် ၂၃ လမ်းကြားရှိ ၁၁ ထပ်အမြင့်ရှိသည့် Sky Villa Condo မှာ ယမန်နေ့ ငလျင်ဒဏ်ကြောင့် ပြိုကျကာ မြေကြီးထဲကျွံဝင်သွားကြောင်း၊ မြေပေါ်တွင် ၇ ထပ်သာ ကျန်ရစ်တော့ကာ ကွန်ဒို ၁၁ ထပ်တွင် ၄ ထပ်မှာ မြေထဲသို့ ကျွံဝင်သွားသည့်အတွက် လူအများအပြား ပိတ်မိသေဆုံးခဲ့ကြောင်း၊ ယင်းပိတ်မိသေဆုံးသူများတွင် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်မိသားစုပါဝင်သွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။



