အိန္ဒိယလေတပ်ရဲ့ ပထမအကြိမ်လေယာဉ် သည် မြန်မာနိုင်ငံ ငလျင်အတွက် အကူအညီပစ္စည်းများ တင်ဆောင်ပြီး ရန်ကုန်လေဆိပ်သို့ ယနေ့ မနက် ၀၉:၀၀ နာရီမှာ ရောက်ရှိလာကြောင်း သိရပါတယ်။ မကြာသေးမီကပင် AHA စင်တာနှင့် အိန္ဒိယနိုင်ငံတို့မှ မတ် ၂၉ ရက် တွင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများပေးပို့ရန်ကမ်းလှမ်းလာသဖြင့် ခွင့်ပြုထားပြီးဖြစ်သည်ဟု ပြောကြားထားပါတယ်။



