back

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့်အတွက် ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ဖျက်သိမ်းခဲ့

Mar 29 • 2:56 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့်အတွက် ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ဖျက်သိမ်းခဲ့

မတ်လ(၂၈)ရက် မွန်းလွဲပိုင်းအချိန်၌ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ယာယီဖျက်သိမ်းလိုက်သည်ဟု ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသ...

မတ်လ(၂၈)ရက် မွန်းလွဲပိုင်းအချိန်၌ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ယာယီဖျက်သိမ်းလိုက်သည်ဟု ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထိုက်ဆီမှသိရပါတယ်။မတ်လ၂၉ရက်ယနေ့ နံနက်(၅)နာရီတွင် ရန်ကုန်မှထွက်ခွာမည့် အမှတ်(၁၁)အဆန် ရထားနှင့် နံနက်(၆)နာရီ ထွက်ခွာမည့် DEMU ရထားခရီးစဉ်တို့ကို ဖျက်သိမ်းထားကြောင်း ပြောပြီးလက်ရှိတွင် နေပြည်တော်မှ ရန်ကုန်သို့ဆိုက်ရောက်မည့် DEMU ရထားကို ရေနီတွင်ရပ်ဆိုင်းထားရပြီး၊ ၎င်း၏ နောက်တွင် မန္တလေးမှ ရန်ကုန်သို့ဝင်ရောက်မည့် အမှန်(၁၂)အစုန်ရထားလည်း လမ်းခရီးတွင် ရပ်နားထားရကြောင်း ၎င်းက ဆိုပါတယ်။ရထားခရီးစဉ်အတွက် လက်မှတ်ဝယ်ယူထားသည့်ခရီးသည်များအား ငွေပြန်အမ်းသွားမည်ဖြစ်ပါတယ်။




news-view-count-icon

30