ဒေသစံတော်ချိန် မတ်လ ၂၉ ရက် မနက် ၇နာရီ၁၀မိနစ် တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသ မှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါတယ်။အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ညဉ့်နက်အထိ ခရီးဆက်လာကာ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ ဖြစ်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။
Mar 29 • 2:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


