menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်နိုင်သည့်အတွက် မိမိရောက်ရှိ နေထိုင်ရာနေရာများမှ ဘေးကင်းစိတ်ချရသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြရန်

Mar 28 • 10:59 AM

breaking-news

မြန်မာ

ပြည်တွင်း

မျှဝေမည်

share-news
cover

နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်နိုင်သည့်အတွက် မိမိရောက်ရှိ နေထိုင်ရာနေရာများမှ ဘေးကင်းစိတ်ချရသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြရန်

ပြင်းထန်သော ငလျင်ဘေးဒဏ်၏ နောက်ဆက်တွဲအဖြစ် မြို့ပြတွင် မီးဘေးအန္တရာယ်ကို သတိပြု သတိထားရမည်ဖြစ်ပြီး ရေကာတာကြီးဆိုလည်း ကျိုးပျက်ပြီး ရေကြီးနိုင်သဖြင့် ငလျင်ဘေးနောက...

cover-photo

ပြင်းထန်သော ငလျင်ဘေးဒဏ်၏ နောက်ဆက်တွဲအဖြစ် မြို့ပြတွင် မီးဘေးအန္တရာယ်ကို သတိပြု သတိထားရမည်ဖြစ်ပြီး ရေကာတာကြီးဆိုလည်း ကျိုးပျက်ပြီး ရေကြီးနိုင်သဖြင့် ငလျင်ဘေးနောက်ဆက်တွဲ ဘေးအန္တရာယ်များ၏ လွတ်ကင်းနိုင်ရန်အတွက် ဘေးကင်းစိတ်ချရသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြပါရန် ပညာရှင်များက သတိပေးပြောကြားသည်။ငလျင်လှုပ်ပြီးချိန်တွင် မိမိနေထိုင်ရာနေရာမှ လျှပ်စစ်မီးကြိုးများ၊ ရေပိုက်များ၊ လောင်စာဆီသိုလှောင်ကန်များကို စစ်ဆေးရမည်ဖြစ်ပြီး ပျက်စီးမှုရှိပါက ဖြတ်တောက်ခြင်း ပိတ်ထားခြင်းများကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။ ငလျင်လှုပ်ပြီးသော်လည်း ဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်သည့်အတွက် ပင်လယ်ကမ်းခြေမှလူများ ကုန်းမြေအမြင့်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြရန် လိုအပ်သည်ဟုလည်း ငလျင်ပညာရှင်တစ်ဦးက သတိပေးသည်။စစ်ကိုင်းပြတ်ရွေ့ကြောသည် ရွေ့လျားနေသည့် ပြတ်ရွေ့ကြောတစ်ခုဖြစ်ကာ ၎င်းသည် မြန်မာနိုင်ငံတစ်လျှောက် ရွေ့လျားကာ ကပ္ပလီပင်လယ်ပြင်ကို ဗဟိုပြုဖြန့်ကြက်တည်ရှိ၍ မြောက်ဘက် collision zone သို့ ချိတ်ဆက်ထားသည်။ စစ်ကိုင်းပြတ်ရွေ့ကြသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ကာ လှုပ်ရှားမှုအများဆုံးလည်း ဖြစ်ပြီး ပြတ်ရွေ့ကြောသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကဲ့သို့သော အဓိကမြို့ကြီးများကို နီးကပ်စွာဖြတ်သန်းရွေ့လျားလျက်ရှိသည်။ 


news-view-count-icon

39

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

မန္တလေးမြို့ရှိ sky villa condo ၁၁ထပ်ရှိရာမှ ငလျင်ဒဏ်ကြောင့် ၆ထပ်ပဲကျန်ရှိ

နေပြည်တော် လယ်ဝေးမြို့မှာ ငလျင်ကြောင့်ပျ၊က်စီးခဲ့ရတဲ့ မြင်ကွင်း

cover-photo
right-arrow-icon