မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ဒီကနေ့ မွန်းလွဲပိုင်း လှုပ်ခတ်တဲ့ ငလျင်ကြောင့် သံဃာနှစ်ပါး အပါအဝင် ဒေသခံ လေးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေ အများအပြား ရှိတယ်လို့ သတင်းရရှိပါတယ်။လက်ရှိအချိန်ထိ အတည်ပြုနိုင်တဲ့ သတင်းအရ ဝမ်းတွင်းမြို့နယ် သိမ်တောင်ရွာက ရဟန်းသံဃာ ဦးဇင်း နှစ်ပါး ပျံလွန်ပြီး ခင်ကြီးရွာက လူကြီးတစ်ဦးနဲ့ ထီးလှိင်ရွာက ကလေးတစ်ဦး သေဆုံးတယ်လို့ ဝမ်းတွင်းဒေသခံ က ဖော်ပြပါတယ်။သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။



