ရန်ကုန်မြို့ရပ်ကွက်ဈေးများတွင် ကြက်သွန်နီဈေး အမျိုးမျိုးရှိနေပြီး, ကြက်သွန်ဖြူဈေးမှာ အနည်းငယ်ကျဆင်းသည့်အခြေအနေရှိသည်။ အာလူးဈေးတက်မှုဖြစ်ပြီး, အလုံးကြီးတစ်ပိဿာ ၇,၀၀၀ ကျပ်သို့ မြင့်တက်လာသည်။ မန်ကျည်းသီးဈေးလည်း တစ်ဆယ်သား ၁,၅၀၀ ကျပ်သို့ တိုးလာပြီး, ပဲဈေးနှင့် သကြားဈေးများမှာ ပုံမှန်အတိုင်းရှိနေကြောင်း သိရသည်။



