menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ထိုင်း နိုင်ငံသား အမည်ခံထားတဲ့ စာရင်းကိုင် ကုမ္ပဏီမှ လူ ၇၂ ယောက်ကို ဖ-မ်းဆီး

Mar 28 • 3:29 AM

breaking-news

မြန်မာ

ပြည်ပ

မျှဝေမည်

share-news
cover

ထိုင်း နိုင်ငံသား အမည်ခံထားတဲ့ စာရင်းကိုင် ကုမ္ပဏီမှ လူ ၇၂ ယောက်ကို ဖ-မ်းဆီး

ထိုင်း ရဲတပ်ဖွဲ့က မတ်လ ၂၆ ရက်နေ့မှာ Samut Prakan ပြည်နယ်မှ Bang Phli ခရိုင်မှာ ထိုင်းနိုင်ငံသား အမည်ခံထားတဲ့ နိုင်ငံခြားသားပိုင် စာရင်းကိုင် ကုမ္ပဏီမှ ထိုင်း နိ...

cover-photo

ထိုင်း ရဲတပ်ဖွဲ့က မတ်လ ၂၆ ရက်နေ့မှာ Samut Prakan ပြည်နယ်မှ Bang Phli ခရိုင်မှာ ထိုင်းနိုင်ငံသား အမည်ခံထားတဲ့ နိုင်ငံခြားသားပိုင် စာရင်းကိုင် ကုမ္ပဏီမှ ထိုင်း နိုင်ငံသား ၅၁ ယောက်နဲ့ တရုတ် နိုင်ငံသား ၂၁ ယောက်ကို ဖ-မ်းဆီးလိုက်ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီကုမ္ပဏီရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ စီးပွားရေး မှုခင်း နှိမ်နင်းရေး ဌာန (ECSD) ရဲ့ ရဲမှူး Thatphum Charuprat က အဲဒီ စာရင်းကိုင် ကုမ္ပဏီကနေ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၁၅ ခုကို နိုင်ငံခြားသား စီးပွားရေး ဥပဒေကို ချိုးဖောက်မှုနဲ့ အရေးယူမယ်လို့ ပြောပါတယ်။ စာရင်းကိုင် ကုမ္ပဏီထံကနေ မြေယာ (သို့) အိမ်ခြံမြေပိုင်ဆိုင်ကြောင်း အထောက်အထားပြတဲ့ စာရွက်စာတမ်းတွေ၊ ကုမ္ပဏီ တံဆိပ်တုံး ၃၃၂ ခု၊ စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ ဗီဇာ လျှောက်လွှာတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ ပစ္စည်းတွေရဲ့ တန်ကြေးဟာ ဘတ် သန်း ၁၅၀ ကျော်ပါတယ်။ အဲဒီ စာရင်းကိုင် ကုမ္ပဏီကို တရုတ် နိုင်ငံသူ Yian Zhao က ပိုင်ဆိုင်တာ ဖြစ်ပြီး သူမဟာ တရုတ်ကနေ ထိန်းချုပ်နေတာ ဖြစ်ပါတယ်။ တရုတ် ဖောက်သည်တွေနဲ့ WeChat ကနေ အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။


news-view-count-icon

25

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

အိန္ဒိယ ပို့ကုန်ဆန် ဈေးနှုန်းများဆက်လက်ကျဆင်းနေ

ကင်မ်ဂျုံအန်းကAIစနစ်သုံးအ‌ေ-သခံဒရုန်းများစမ်းသပ်မှုကို စစ်ဆေးကြည့်ရှု

cover-photo
right-arrow-icon