back

မူဆယ်မြို့နယ် မန့်ဟီးရိုးနယ်စပ်ဂိတ်ကို တရုတ်ဘက်မှ အစမ်းဖွင့်လှစ်

Mar 27 • 4:53 PM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ်မြို့နယ် မန့်ဟီးရိုးနယ်စပ်ဂိတ်ကို တရုတ်ဘက်မှ အစမ်းဖွင့်လှစ်

ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မူဆယ်မြို့နယ် မန်ဟီးရိုးမြို့ရှိ မြန်မာ-တရုတ် နှစ်ပြည်တစ်ရွာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့...

ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မူဆယ်မြို့နယ် မန်ဟီးရိုးမြို့ရှိ မြန်မာ-တရုတ် နှစ်ပြည်တစ်ရွာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာ ရွှေလီမြစ်တစ်ဘက်ကမ်း မန်ဟီးရိုးမြို့နှင့် အနီးတဝိုက် ကျေးရွာများမှ ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အစိမ်းရှိသူများ ဖြတ်သန်းသွားလာနိုင်ကြောင်း ဒေသခံများက ပြောသည်။ လတ်တလော စမ်းသပ်ကာလအတွင်း ရွှေလီမြစ်တစ်ဘက်ကမ်း မန့်ဟီးရိုးမြို့နှင့် အနီးတဝိုက် ၁၉ ရွာ အိမ်ထောင်စု (ဢိူင်ႇ 19 ဝၢၼ်ႈ) များသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အစိမ်းဖြင့် အဝင်အထွက် ပြုလုပ်နိုင်ကြောင်း သိရသည်။ 




news-view-count-icon

28