back

ကချင်ပြည်နယ်တွင်မြေရှားသတ္တု တစ်တန် ယွမ် ၃၅,၀၀၀ အခွန်ဆောင်စေကာ တရုတ်ထံ တင်ပို့ခွင့်ပြု

Mar 27 • 4:07 PM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်တွင်မြေရှားသတ္တု တစ်တန် ယွမ် ၃၅,၀၀၀ အခွန်ဆောင်စေကာ တရုတ်ထံ တင်ပို့ခွင့်ပြု

ကချင်ပြည်နယ်တွင် တရုတ်ထံ မြေရှားသတ္တုတင်ပို့မှု ရပ်ဆိုင်းထားရာမှ တရုတ်ထံ မြေရှားသတ္တုများ ပြန်လည်တင်ပို့ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက မတ် ၂၇ ရက်...

ကချင်ပြည်နယ်တွင် တရုတ်ထံ မြေရှားသတ္တုတင်ပို့မှု ရပ်ဆိုင်းထားရာမှ တရုတ်ထံ မြေရှားသတ္တုများ ပြန်လည်တင်ပို့ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက မတ် ၂၇ ရက် တွင် ဖော်ပြသည်။မြေရှားသတ္တုမိုင်း အဖွဲ့များထံ မတ် ၂၆ ရက်နေ့တွင် ထုတ်ပြန်အသိပေးချက် ပေးပို့ရာ မတ် ၂၇ ရက်မှ စတင်ပြီး မြေရှားသတ္တုများကို တရုတ်ထံ တင်ပို့ခွင့်ပြန်လည်ခွင့်ပြုကြောင်းနှင့် တစ်တန်လျှင် အခွန်အဖြစ် ယွမ် ၃၅,၀၀၀ (စင်ကာပူဒေါ်လာ ၆၄၆၀) သတ်မှတ်ပေးခဲ့သည်ဟု မိုင်းတွင်းအဖွဲ့တစ်ဖွဲ့ထံမှ သိရှိရသည်။မြန်မာနိုင်ငံ ကချင်ပြည်နယ် မြေရှားသတ္တုအဓိကထွက်ရှိရာ ပန်ဝါနှင့်ချီဖွေအပါအဝင် နယ်မြေများမှ သတ္တုများ ပြန်လည်တင်ပို့တော့မည့်သတင်းများကြောင့် တစ်ပတ်အတွက် စျေးနှုန်း ၁ ရာခိုင်နှုန်း ပြန်လည်ကျဆင်းလာခဲ့သည်။


news-view-count-icon

13