ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရရှိဖို့ အကြီးအကျယ် ပြင်ဆင်နေတဲ့ ရခိုင်ယူနိုက်တက်အသင်းသည် ယခုနှစ်ပြိုင်ပွဲများမှာ နိုင်ငံခြားကစားသမား ( ၆ ) ဦးအထိ အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။ရခိုင်ယူနိုက်တက်အသင်းသည် လက်ရွေးစင် ကစားသမား အောင်နိုင်ဝင်းနှင့် လက်ရွေးစင် ဟောင်းကစားသမားများအပြင် ထိုင်းလိဂ်ပြိုင်ပွဲတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမားတစ်ဦးကိုပါ ပြန်လည်ခေါ်ယူအားဖြည့် သွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။ရခိုင်ယူနိုက်တက်အသင်းဟာ ပြီးခဲ့သည့် MNL League Cup ပြိုင်ပွဲတွင် ချန်ပီယံရှမ်းယူနိုက်တက်အသင်းကို အနိုင်ရရှိသည့် တစ်သင်းတည်းသော အသင်းဖြစ်ခဲ့ပြီး အဆိုပါပြိုင်ပွဲမှ စွမ်းဆောင်ရည်
မျိုး ပြန်လည်ရရှိအောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ သိရှိရပါတယ် ။



