သစ်တောဦးစီးဌာနက နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းမှ တရားမဝင် သစ်စုစု ပေါင်း ၁၂၃ ဒသမ ၁၃၂၆ တန်အပါအဝင် ယာဉ်/ယန္တရား ၁၇ စီး၊ ကျူးလွန်သူ ၂၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။အဆိုပါ တရားမဝင်သစ်များကို မတ် ၁၇ ရက်မှ ၂၅ ရက်အတွင်း ဖမ်းဆီးသိမ်းဆည်းရမိခြင်းဖြစ်ပြီး ကျွန်း ၆ ဒသမ ၉၀၁၂ တန်၊ သစ်မာ ၇ ဒသမ ၄၃၉၄ တန်၊ အခြားသစ် ၁၀၈ ဒသမ ၇၉၂၀ တန်တို့ ပါဝင်နေလျက်ရှိသည်။ထို့အပြင် မတ်လ ၂၄ ရက် ကလည်း တွံတေးမြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တို့မှ တရားမဝင် အခြားသစ် ၄၉ ဒသမ ၂၈၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၈၉၃,၅၀၀ ဖိုး) ကို ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားခြင်းများ ရှိခဲ့ကြောင်းလည်း သိရသည်။



