မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့ပြစီမံကိန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် မန္တလေး (၆)မြို့နယ်အတွင်း အခွန်အခနှုန်းထား များကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ခေတ်နှင့်လျော်ညီသောနှုန်းထားသို့ ပြင်ဆင်သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း ယနေ့ မတ်၂၇ရက်ထုတ် မန္တလေးနေ့စဉ်သတင်းစာမှတဆင့် အများပြည်သူသိရှိနိုင်ရန် အသိပေးချက်ကြေညာချက် ထုတ်ပြန်လိုက်သည်။၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အထက်ပါလုပ်ငန်းများ၏ ပြင်ဆင်ကောက်ခံမည့် အသေးစိတ်နှုန်းထားများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန၊ ကြော်ငြာသင်ပုန်းနှင့် သက်ဆိုင်ရာ နေရာများတွင် ဗွီနိုင်းများကပ်၍ ကြော်ငြာသွားမည်ဟု ဆိုပါသည်။ထိုသို့ ပြင်ဆင်ကောက်ခံမည့် အခွန်အခနှုန်းထားများနှင့်စပ်လျဉ်း၍ သိရှိလိုသော အချက်အလက်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနသို့ (ရုံးချိန်) အတွင်း မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာထားသည်။



