back

ရခိုင်မှ ပြောင်းရွှေ့လာရသည့် ပြည်သူများ အဆင်ပြေစေရန် လဝက ရုံးများကို ရန်ကုန်တွင် တွဲဖက်ဖွင့်လှစ်ပေးထား

Mar 27 • 11:38 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရခိုင်မှ ပြောင်းရွှေ့လာရသည့် ပြည်သူများ အဆင်ပြေစေရန် လဝက ရုံးများကို ရန်ကုန်တွင် တွဲဖက်ဖွင့်လှစ်ပေးထား

ရခိုင်ပြည်နယ်မှ အကြောင်းအမျိုးမျိုးဖြင့် ပြောင်းရွှေ့လာရသည့် ပြည်သူများ အဆင်ပြေစေရန် ယင်းမြို့များရှိ လဝကရုံးများကို ရန်ကုန်မြို့ရှိ လဝက ရုံးများတွင် တွဲဖက် ဖွင...

ရခိုင်ပြည်နယ်မှ အကြောင်းအမျိုးမျိုးဖြင့် ပြောင်းရွှေ့လာရသည့် ပြည်သူများ အဆင်ပြေစေရန် ယင်းမြို့များရှိ လဝကရုံးများကို ရန်ကုန်မြို့ရှိ လဝက ရုံးများတွင် တွဲဖက် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ လက်ရှိတွင် ရခိုင်ပြည်ရှိ မြို့နယ်များမှ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန (လဝက) ရုံးများကို ဗဟန်းမြို့နှင့် သာကေတမြို့တို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားအပါအဝင် အိမ်ထောင်စုစာရင်းနှင့် သက်ဆိုင်သော စာရွက်၊ စာတမ်းများကို ပြုလုပ်ပေးလျက်ရှိနေခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်သို့ ရောက်ရှိလာသော ရခိုင်ဒေသခံများသည် နိုင်ငံသားစိစစ်ရေးကဒ်ပြားအပါအဝင် အိမ်ထောင်စုစာရင်းများ အသစ်လဲခြင်း၊ ဖြည့်စွက်ခြင်းများပြုလုပ်ရန် ထိုလဝက ရုံးများတွင် သွားရောက်လုပ်ဆောင်နေကြာင်းလည်း သိရသည်။



news-view-count-icon

13