ထားဝယ်ခရိုင်အနီးရှိ ပင်လယ်ပြင်တွင် ဝါလတ်ငါးဖမ်းလှေတစ်စီးပေါ် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။ငါးဖမ်းလှေ ငါးဆွဲနေချိန် ပဲ့နင်းငယ်ဖြစ်သူ ဦးမောင်မြင့်အောင်က အိုးသူကြီးကို ပိုက်လှီးဓါးဖြင့် လည်ပင်းကို စတင် လှီးဖြတ် ရာမှ ရုန်းရင်းဆန်ခတ် စတင်ဖြစ်ကြောင်း အဆိုပါ ငါးဖမ်းလှေနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက လှေလုပ်သားများ၏ထံမှ သိရသည်ကို ပြောဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ဓားဖြင့် စတင်တိုက်ခိုက်ခဲ့သည်ကိုမူ သေသေချာချာ မသိရသေးပေ။ဓားဖြင့်ထိုးသည်ကို ဝင်ဆွဲစဉ် ပဲ့နင်း ဦးနိုင်ကျော်စိုးနှင့် ရေရှူး (လှေလုပ်သားခေါင်းဆောင်) ဦးသန်းထိုက်တို့လည်း ဓားဒဏ်ရာဖြင့် သေဆုံးပြီး ဓားဖြင့်တိုက်ခိုက်သည့် ပဲ့နင်းငယ် ဦးမောင်မြင့်အောင်လည်း သေဆုံးကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ သေဆုံးသူအနက် နှစ်ဦးမှာ လောင်းလုံးမြို နယ် မောင်းမကန်ကျေးရွာသားဖြစ်ပြီး နောက်တစ်ဦးမှာ မြိတ်ဇာတိတစ်ဦး ဖြစ်ကာ ဒဏ်ရာရရှိသူနှစ်ဦးမှာ မောင်းမကန်ရွာသားများ ဖြစ်ကြောင်း စုံစမ်းသိရသည်။



