အယ်လ်နာဆာအသင်းနဲ့ ပေါ်တူဂီ စူပါစတား တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက လာမယ့် ဖိုက်တင်းဂိမ်း Fatal Fury: City of the Wolves မှာ သူဟာ ကစားနိုင်မယ့် ဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ရဲ့ ထူးခြားတဲ့ “SIU” အောင်ပွဲခံမှုကိုပါ ထည့်သွင်းထားပါတယ်။ Fatal Fury ဂိမ်းစီးရီးဟာ ၁၉၉၁ ခုနှစ်မှာ စတင်ထင်ရှားလာခဲ့ပြီး 2D ဖိုက်တင်းဂိမ်းအမျိုးအစားမှာ ရှေ့ဆောင်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နှစ်များတစ်လျှောက် ပရိသတ်အားပေးမှု အားကောင်းခဲ့ပြီး Garou: Mark of the Wolves (၁၉၉၉) ဟာ ဒီစီးရီးရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး ရပ်နားထားပြီးနောက် Fatal Fury: City of the Wolves နဲ့ ဒီဂိမ်းစီးရီးကို ပြန်လည် အသက်သွင်းလိုက်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ အဆင့်မြင့် ရုပ်ပုံတွေ တော်လှန်ပြောင်းလဲထားတဲ့ တိုက်ပွဲစနစ်တွေက ဂိမ်းထဲ အသစ်ဝင်လာသူတွေရော အတွေ့အကြုံရှိသူတွေအတွက်ပါ အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားတဲ့ ထိန်းချုပ်မှုပုံစံတွေနဲ့ ပြန်လာခဲ့ပါတယ်။ ဂိမ်းရဲ့ ဇာတ်အိမ်ဖြစ်တဲ့ ဆောက်သ် တောင်း (South Town) ဟာ ရည်မှန်းချက်တွေနဲ့ ပြိုင်ဆိုင်မှုတွေ ပြည့်နှက်နေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေရဲ့ စင်မြှင့်အဖြစ် ဆက်လက် တည်ရှိနေပါတယ်။ ဂိမ်းထွက်ရှိဖို့ မတိုင်ခင်မှာဘဲ ရော်နယ်လ်ဒိုက သူဟာ ဒီဂိမ်းသစ်ထဲမှာ တိုက်ခိုက်သူအဖြစ် ပါဝင်လာမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
Mar 27 • 8:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


