back

မန္တလေးတိုင်းဒေသကြီး၊စဉ့်ကိုင်မြို့နယ်တွင် ဂျင်ဝိုင်းနှင့် ကြက်တိုက်လောင်းကစား ပြုလုပ်သူ အမျိုးသမီး ၇ ဦးအပါအဝင် ၁၂ ဦးအား ဖမ်းဆီးအရေးယူ

Mar 27 • 7:58 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊စဉ့်ကိုင်မြို့နယ်တွင် ဂျင်ဝိုင်းနှင့် ကြက်တိုက်လောင်းကစား ပြုလုပ်သူ အမျိုးသမီး ၇ ဦးအပါအဝင် ၁၂ ဦးအား ဖမ်းဆီးအရေးယူ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် ဂျင်ဝိုင်းနှင့်ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသမီး ၇ ဦးပါဝင်သော အဖွဲ့အား ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီ...

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် ဂျင်ဝိုင်းနှင့်ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသမီး ၇ ဦးပါဝင်သော အဖွဲ့အား ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သတင်းရရှိပါတယ်။ဖြစ်စဉ်မှာ မတ်လ ၂၅ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ စိတ္တရကျေးရွာနေ ဦးကျင်ရွှေ(၆၇)နှစ်၏ သရက်ခြံတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း သတင်းအရ စဉ့်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ရာ မြောက်ကိုင်ကျေးရွာနေ ဟန်ဇော်မင်း(၂၅)နှစ်ပါ အမျိုးသား ငါးဦး၊ အမျိုးသမီး ခုနစ်ဦးတို့အား ဂျင်ဝိုင်းနှင့်ကြက်တိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၃,၃၇၄,၅၀၀ ကျပ်ကိုဖမ်းဆီးရမိခြင်းလည်းဖြစ်ပါတယ်။




news-view-count-icon

22