ထိုင်းနိုင်ငံ ဖူးခက်တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ခရီးသည် ၁၂ ဦး လိုက်ပါစီးနင်းနိုင်သည့် အမိုးပွင့် အီးဗီ ဘတ်စ်ကားနှစ်စီး ပြေးဆွဲမည်။ဘတ်စ်ကား ကိုယ်ထည်တွင် မြို့ဟောင်းဖူးခက်၏ အမှတ်သညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မြှင့်တင်ရန်အတွက် အထင်ကရ တရုတ်-ဥရောပ ဗိသုကာလက်ရာ သရုပ်ဖော်ပုံများဖြင့် ဆန်းသစ်စွာ ခြယ်သထားသည်။မြို့တွင်း လှည့်လည်ကြည့်ရှုရန် စီစဉ်ထားပြီး ၎င်းဘတ်စ်ကား ၂စီးကို Electric Vehicles (Thailand) Plc. မှ ပေးသွင်းသည်။



