ဆားအလွန်အကျွံ စားသုံးနေကြတာက ကမ္ဘာတဝှမ်းမှာ ကျန်းမာရေးပြဿနာ ဖြစ်လာပြီး သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်၊ ကျောက်ကပ်ပြဿနာများ ဖြစ်လာစေပါတယ်။ တစ်နေ့ကို ဆားပမာဏ လက်ဖက်စားဇွန်းတစ်ဇွန်းခန့်သာ စားဖို့အကြံပြုထားကြပေမယ့် လူအများစုက နှစ်ဆလောက် ပိုစားမိနေကြပါတယ်။ နေထိုင်စားသောက်မှုပုံစံတွေ ပြုပြင်ပြီးတော့ ဆားလျှော့ချစားသုံးမိအောင် ကျင့်ကြံနိုင်ပါတယ်။



