အိန္ဒိယတွင် ယခုနှစ် သကြားအထွက် လျော့နည်းမည်ဟု ခန့်မှန်းထားသဖြင့် အစိုးရက ပြည်တွင်း သကြားဈေးနှုန်း ထိန်းရန် ပြည်ပသို့ သကြားတင်ပို့ခွင့် တန်ချိန် တသန်း ခွင့်ပြုထားသည်ကို တားမြစ်မည်ဟု ထင်ကြေးပေးနေကြသော်လည်း အစိုးရ တားမြစ်မည် မဟုတ်ဟု သတင်းရင်းမြစ်တခုက ပြောကြားသည်။သကြား ထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယအများဆုံးဖြစ်သည့် အိန္ဒိယသည် ယခုနှစ် ၂၀၂၅ ဇန်နဝါရီလတွင် ၂၀၂၅ စက်တင်ဘာလအထိ ကာလအတွင်း ပြည်ပသို့ သကြားတန်ချိန် ၁ သန်းတင်ပို့ရန် ခွင့်ပြုခဲ့သည်။ ပြည်ပသို့ တင်ပို့ရန် ပိုလျှံသည်ဟု ယူဆသဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။လက်တွေ့တွင် သကြားအထွက် လျော့ကျနေသည်။ သို့သော် ပြည်တွင်း စားသုံးမှုနှင့် အီသနော ထုတ်လုပ်ရန် ကုန်ကြမ်းလိုအပ်ချက်တို့အတွက် ဖူလုံနေဆဲ ဖြစ်သည်။ 
| 17 | 0 | 0 | 0 |


