အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကွန်မြူနီတီကောလိပ်အားကစားအဖွဲ့အစည်း (3C2A) မှ ပေးအပ်တဲ့၂၀၂၃-၂၀၂၄ ခုနှစ် ပညာတော်သင် - အားကစားထူးချွန်ဆု (Scholar - Athletes Honor Roll) ကို မေထက်လူရရှိခဲ့ပါတယ်။California Community College Athletic Association (3C2A) ကောလိပ်အဖွဲ့အစည်းမှ ပညာရေး၊ အားကစား၊ လူမှုရေး နှင့် ကိုယ်ရေးကိုယ်တာ အောင်မြင်မှုတို့ကို အသိအမှတ်ပြုကာ အခွင့်အလမ်းတွေဖန်တီးပေးတာဖြစ်ပါတယ်။ အားကစားထဲမှာ Basketball, Football, Soccer, Water Polo, Tennis, Volleyball, Beach Volleyball, Cross Country ,Tract& Field, Baseball စသဖြင့် ကောလိပ် ၁၃ မှ ထူးချွန် ကျောင်းသား၊သူ ၁၃ ရွေးချယ်ခံရပြီး Los Angeles Pierce College မှာ မေထက်လူရွေးချယ်ခံရတာဖြစ်ပါတယ်။ မေထက်လူကတော့ သူမရဲ့လူမှုကွန်ယက်ပေါ်မှာ အခုလိုရွေးချယ်ခံရပြီး အသိအမှတ်ပြုခံရတာ ကျေးဇူးတင်လို့မကုန်ဘူး ဆိုပြီး ရေးသားခဲ့ပါတယ်။



