back

World Cup 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေ၊‌ ငွေ ၊ ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သော မြန်မာ့လက်‌ရွေးစင်အားကစားအဖွဲ့အား ကြိုဆိုကာ ဂုဏ်ပြုဆုငွေကျပ် သိန်း(၅၀) ပေးအပ်ချီးမြှင့်ခဲ့

Mar 27 • 6:07 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

World Cup 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေ၊‌ ငွေ ၊ ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သော မြန်မာ့လက်‌ရွေးစင်အားကစားအဖွဲ့အား ကြိုဆိုကာ ဂုဏ်ပြုဆုငွေကျပ် သိန်း(၅၀) ပေးအပ်ချီးမြှင့်ခဲ့

အိန္ဒိယနိုင်ငံ ၊ ပတ္တနားမြို့၌ မတ်၂၀ရက် မှ၂၅ ရက်‌နေ့အထိကျင်းပခဲ့သော ISTAF WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု ၊ ငွေတံဆိပ်နှစ်ခု ၊‌ ကြေးတံဆိပ်တစ်ခုဆွတ်ခ...

အိန္ဒိယနိုင်ငံ ၊ ပတ္တနားမြို့၌ မတ်၂၀ရက် မှ၂၅ ရက်‌နေ့အထိကျင်းပခဲ့သော ISTAF WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု ၊ ငွေတံဆိပ်နှစ်ခု ၊‌ ကြေးတံဆိပ်တစ်ခုဆွတ်ခူးရရှိခဲ့‌သော မြန်မာ့လက်‌ရွေးစင်အားကစားအဖွဲ့သည်မတ်လ(၂၆)ရက်နေ့ ည‌နေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးအဆိုပါမြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် Men Double ၊ Men Quadrant ၊ Women Double ၊ Women Quadrant၊ Mix Quadrant ၊ Mix Double Event စသည့် ကစားနည်းများကို ပါဝင် ယှဉ်ပြိုင်ခဲ့ရာ အမျိုးသမီးနှစ်ယောက်တွဲ Double Event တွင် (ရွှေတံဆိပ်)ဆု၊ အမျိုးသားနှစ်ယောက်တွဲ Double Event နှင့် အမျိုးသား / အမျိုးသမီး Mix Double Event တွင် (ငွေတံဆိပ်)တစ်ခုစီနှင့် အမျိုးသား‌ လေးယောက်တွဲ Quadrant Event တွင်(ကြေးတံဆိပ်)ဆု ရရှိခဲ့ပါတယ်။အဆိုပါမြန်မာ့လက်‌ရွေးစင်အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယကမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်က ဂုဏ်ပြုဆုငွေကျပ် သိန်း(၅၀)ကို ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။



news-view-count-icon

16