ပြည်တွင်းနှင့်နိုင်ငံတကာဆိုင်ရာ မြန်မာနိုင်ငံ၏အမြင်များကို ပြောကြားဖော်ပြရန် ဖွဲ့စည်းထားသည့် “မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)” ၏ သတင်းများနှင့် သုတေသနစာတမ်းများကို ဖတ်ရှုနိုင်မည့် Website www.myanmarnarrative.org ကို မတ် ၁၀ ရက်နေ့တွင် တရားဝင် စတင်လွှင့်တင်ထားသည်။Website တွင် မြန်မာ့ယဉ်ကျေးမှု၊ တန်ဖိုးထားမှုများ၊ ဒေသတွင်းနှင့်နိုင်ငံတကာဆက်ဆံရေးများ၊စာမူပေးပို့လိုသူများ ကို ဖော်ပြသွားမည်ဖြစ်သည်။ အဆိုပါ Website သို့ စာမူများပေးပို့လိုသူများသည် myanmarnarrative@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။



