မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ဉာဏ်ရည်တုနည်းပညာ(AI) အသေခံဒရုန်းတွေ စမ်းသပ်မှုကို ကြီးကြပ်စစ်ဆေးခဲ့ပြီး မောင်းသူမဲ့ ထိန်းချုပ်မှုနဲ့ ဉာဏ်ရည်တုနည်းပညာဟာ ခေတ်မီလက်နက်ဖွံ့ဖြိုးရေးအတွက် ထိပ်တန်းဦးစားပေး သတ်မှတ်ထားတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့မှာ ဖော်ပြထားပါတယ်။အဲဒီဒရုန်းတွေဟာ ကုန်းတွင်းနဲ့ ပင်လယ်ပြင်မှာ အမျိုးမျိုးသော ပစ်မှတ်တွေကို ထောက်လှမ်းနိုင်တဲ့ အဆင့်မြင့်နည်းပညာတွေ ပါဝင်တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ မောင်းသူမဲ့ ဉာဏ်ရည်တုနည်းပညာသုံး ဒရုန်းပြိုင်ဆိုင်မှုဟာ ကာလရှည်ကြာ အမျိုးသားရေးအစီအစဉ်အဖြစ် ဖော်ပြပါတယ်။
| 15 | 0 | 0 | 0 |


