အေးခဲခြင်းဆိုတာဟာ အရည်ကနေ အခဲအဖြစ် အသွင်ပြောင်းသွားတဲ့ ဖြစ်စဉ်လို့ သိထားကြပေမယ့် အီတလီသိပ္ပံပညာရှင်အဖွဲ့ကတော့ အလင်းရောင်ကို အေးခဲနိုင်ခဲ့ပါတယ်။ ဒီအဖွဲ့မှာ နာနိုနည်းပညာရှင်များနဲ့ ရူပဗေဒပညာရှင်များ ပါဝင်ကာ အလင်းရောင်ကို အလွန်ခဲတဲ့ပုံစံမျိုး ပြုလုပ်နိုင်ခဲ့ကြပါတယ်။ အလွန်ခဲ့တဲ့အရာတွေဆိုတာ အစီအစဉ်တကျ ဖွဲ့စည်းမှုနဲ့ ပွတ်တိုက်အားမဲ့ အရည်များစီးဆင်းမှုတို့ ပေါင်းစပ်ထားတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။အလွန်အေးခဲတဲ့အက်တမ်များ စုခဲသွားတာဖြစ်ပြီး ဖိုတွန်များအသုံးပြုထားတာ ဖြစ်ပါတယ်။ 
| 17 | 0 | 0 | 0 |


