တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းဒေသ နေရာများစွာတွင် လောင်ကျွမ်းနေသော တောမီးများကြောင့် ေသဆုံးသူ ၂၄ ဦးထက်မနည်းရှိလာကာ ၂၀ ကျော် ဒဏ်ရာရခဲ့သည်။ ထောင်နှင့်ချီသော မီးသတ်သမားများနှင့် စစ်သားများသည် ပျံ့နှံ့လောင်ကျွမ်းနေသော မီးလောင်ပြင်များကို အမြန်ထိန်းချုပ်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။



