ပြင်သစ်လေတပ် “Patrouille de France” ပျံသန်းရေး သရုပ်ပြတပ်ဖွဲ့၏ လေယာဉ်နှစ်စင်းသည် မတ် ၂၅ ရက် ညနေပိုင်းတွင် ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Marne ပြည်နယ်၌ လေ့ကျင့်ပျံသန်းစဉ် တိုက်မိခဲ့ကြောင်း ပြင်သစ် ကာကွယ်ရေးဝန်ကြီး Sébastien Lecornu ကလူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။ထိုမတော်တဆမှုဖြစ်ပွားခဲ့သော လေယာဉ်နှစ်စင်းမှာ Alpha ဂျက်လေယာဉ် ဖြစ်ပြီး ကယ်ဆယ်ရေးလှုပ်ရှားမှုများ စတင်ခဲ့ပြီးဖြစ်ကြောင်း Lecornu က ပြောကြားခဲ့သည်။
လေယာဉ်ပေါ်ရှိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည် ၁ ဦးသည် အောင်မြင်စွာ ခုန်ချ လွတ်မြောက်ခဲ့ပြီး ပြန်တွေ့သောအခါ “သတိ” ရှိကြကြောင်း၊ လက်ရှိတွင် ထိုလူ ၃ ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။


