back

မြန်မာလက်ရွေးစင်ဘောလုံးအသင်းရဲ့ အဝေးကွင်းပွဲစဉ်အများစုကို ဆော်ဒီမှာ ကစားရမည်

Mar 27 • 1:52 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာလက်ရွေးစင်ဘောလုံးအသင်းရဲ့ အဝေးကွင်းပွဲစဉ်အများစုကို ဆော်ဒီမှာ ကစားရမည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ ၂၀၂၇ အာရှဖလားခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်အများစုကို ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားရဖို့ရှိနေပါတယ်။ မြန်မာအသင်းပါဝင်တဲ့ အုပ်စုမှာ ပြည်...

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ ၂၀၂၇ အာရှဖလားခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်အများစုကို ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားရဖို့ရှိနေပါတယ်။ မြန်မာအသင်းပါဝင်တဲ့ အုပ်စုမှာ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်နေတဲ့ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယားတို့ပါဝင်နေပြီး အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ကစားရတဲ့ စနစ်မှာ အာဖဂန်နဲ့ ဆီးရီးယားတို့က အိမ်ကွင်း မကျင်းပနိုင်တာကြောင့် သူတို့အသင်းတွေရဲ့ အိမ်ကွင်းပွဲစဉ်တွေကို ဆော်ဒီမှာ ကစားရမှာလည်းဖြစ်ပါတယ်။ မြန်မာအသင်းဟာ ၂၀၂၇ အာရှဖလားခြေစစ်ပွဲ အုပ်စု ဒုတိယပွဲအဖြစ် ပါကစ္စတန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်ဘတ်မြို့က Jinnah Sports Stadium မှာ ကစားရမှာလည်းဖြစ်ပါတယ်။





news-view-count-icon

16