back

Tun Tauk Myanmar U19 Futsal Cup Mandalay 2025 ပြိုင်ပွဲ Manager Meeting နှင့် အုပ်စုမဲခွဲပွဲ အခမ်းအနား ကျင်းပ

Mar 27 • 1:50 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

Tun Tauk Myanmar U19 Futsal Cup Mandalay 2025 ပြိုင်ပွဲ Manager Meeting နှင့် အုပ်စုမဲခွဲပွဲ အခမ်းအနား ကျင်းပ

မတ်လ ၂၆ ရက် နံနက် ၁၀ နာရီကTun Tauk Myanmar U19 Futsal Cup Mandalay 2025 ပြိုင်ပွဲ Manager Meeting နှင့် အုပ်စုမဲခွဲခြင်း အခမ်းအနားကို M2K Sports Complex ရှိ ကော...

မတ်လ ၂၆ ရက် နံနက် ၁၀ နာရီကTun Tauk Myanmar U19 Futsal Cup Mandalay 2025 ပြိုင်ပွဲ Manager Meeting နှင့် အုပ်စုမဲခွဲခြင်း အခမ်းအနားကို M2K Sports Complex ရှိ ကော်မတီရုံးခန်းတွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဖူဆယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဇာနည်ကိုနှင့် ကော်မတီဝင်များ ၊ နည်းပြအဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနား ပထမပိုင်းအဖြစ် ကော်မတီဥက္ကဋ္ဌ ဦးမျိုးဇာနည်ကိုမှ ပြိုင်ပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးစောထွန်းမောင် နှင့် ဒိုင်လူကြီး ဦးမောင်မောင်စိုးတို့မှ ပြိုင်ပွဲနှင့် ပတ်သက်သော စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သလိုအခမ်းအနား ဒုတိယပိုင်းအဖြစ် အုပ်စုမဲခွဲမှုများကို ဆက်လက်ပြုလုပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။Tun Tauk Myanmar U19 Futsal Cup Mandalay 2025 ပြိုင်ပွဲကို Tun Tauk Myanmar Compay Limited မှ အဓိက ကူညီပံ့ပိုးပေးထားပြီး ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် မတ်လ ၂၉ ရက်မှ ဧပြီလ ၆ ရက်ထိ Mandalar Thiri Multipurpose Stadium တွင် ကျင်းပမည်ဖြစ်ပါတယ်။


news-view-count-icon

17