မတ်လ၂၆ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား ၃၆၉ ဦးနှင့် တောင်အာဖရိကနိုင်ငံသား ၂၃ ဦး၊ စုစုပေါင်း ၃၉၂ ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



