back

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ကယား၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့တွင် ဖမ်းဆီးရမိမှုများ

Mar 27 • 1:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ကယား၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့တွင် ဖမ်းဆီးရမိမှုများ

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မ...

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၄ ရက်မှ ၂၅ ရက်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကယား၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့တွင် တရားမဝင်သစ်၊ ဆေးဝါး၊ စက်သုံးဆီ၊ စားသောက်ကုန်၊ လုပ်ငန်းသုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စုစုပေါင်း ၂၉ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၆,၃၈၄,၁၃၀ တန်ဖိုးရှိ ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


news-view-count-icon

16