ပြင်ဦးလွင်မြို့တွင် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Diploma in Education and Pedagogy- Dip.EP) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို မတ် ၂၄ ရက် နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမ၌ ကျင်းပခဲ့သည်။ သင်တန်းသို့ သင်တန်းသား ၄၀၀ နှင့် အထက (၄) တွင် သင်တန်းသား ၂၅၇ ဦး စုစုပေါင်း ၆၅၇ ဦး တက်ရောက်ခဲ့ပြီး ပညာရေးကောလိပ်မှ နည်းပြများနှင့်အတူ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မဟာပညာရေးဘွဲ့ရ ဆရာမ ၁၅ ဦးတို့က သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။



