back

လက်ရှိချန်ပီယံအာဂျင်တီးနား ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်

Mar 26 • 1:22 PM

breaking-news

မြန်မာ

ပြည်ပ

cover

လက်ရှိချန်ပီယံအာဂျင်တီးနား ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်

မတ်လ ၂၅ ရက်နေ့ ညက ကစားခဲ့တဲ့ တောင်အမေရိဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘိုလီဗီးယားအသင်းနဲ့ ဥရုဂွေးအသင်းတို့ ဂိုးမရှိ သရေကျပြီးနောက် ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်း...

မတ်လ ၂၅ ရက်နေ့ ညက ကစားခဲ့တဲ့ တောင်အမေရိဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘိုလီဗီးယားအသင်းနဲ့ ဥရုဂွေးအသင်းတို့ ဂိုးမရှိ သရေကျပြီးနောက် ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ကို သေချာသွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ခွင့်ရရှိသွားပြီးဖြစ်ပေမယ့် အာဂျင်တီးနားအသင်းဟာ မတ်လ ၂၆ ရက် အခုမနက်အစောပိုင်းက ကစားခဲ့တဲ့ ခြေစစ်ပွဲမှာလည်း ဘရာဇီးအသင်းကို ၄ ဂိုး-၁ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး အုပ်စုထိပ်ဆုံးနေရာမှာဆက်ရှိခဲ့ပါတယ်။


news-view-count-icon

8