ထိုင်းနိုင်ငံ Ramkhamhaeng လမ်းဆုံ၊ Ramkhamhaeng လမ်း မရောက်မီ ဧရိယာတွင် မတ်လ ၂၅ ရက် ထိုင်းစံတော်ချိန် ည ၉း၁၅ နာရီ အချိန်ခန့်က အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားမောင်းနှင်လာသည့် ဆိုင်ကယ်နှင့် လိုင်း ၆၀၊ ဘတ်စ်ကားအမှတ် ၂-၇၀၂၀၆ ယာဉ်နှင့် တိုက်မှု ဖြစ်ပွားခဲ့ပါသည်။ ဆိုင်ကယ်စီးနင်းသူ မြန်မာအမျိုးသားမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



