တောင်ကိုးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာ၌ မီးသတ် ရဟတ်ယာဉ်တစ်စီး သည် မတ်လ၂၆နေ့က ပျ-က်-ကျခဲ့ရာ လေယာဉ်မှူး ေ-သဆုံးခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့သည်။ရဟတ်ယာဉ်သည် မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ်ခန့်တွင် ပျ-က်-ကျခဲ့ကြောင်း သိရှိရသည်။ ပျ-က်-ကျသော နေရာသည် ဆိုးလ်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့်အကွာ ဦးစောင်းမြို့ရှိ တောင်ကုန်းတစ်ခုပေါ်တွင်ဖြစ်သည်။ တောမီးကို ငြှိမ်းသတ်ရန် လုပ်ဆောင်နေစဉ်တွင် ထိုကဲ့သို့ ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းလည်းဖြစ်သည်။
| 25 | 0 | 0 | 0 |


