အမေရိကန်တွင် ကြက်ဥဈေးနှုန်း မတန်တဆ မြင့်တက်နေသဖြင့် ပြည်ပမှ ကြက်ဥများ ဥရေ သန်းချီ တင်သွင်းမည် ဖြစ်သည်။ဘရာဇီးမှ ကြက်ဥများ နှစ်ဆတိုး တင်သွင်းမည်ဖြစ်ပြီး ထိုသို့ တင်သွင်းနိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်းများ ဖြေလျော့ပေးလိုက်သည်။ဥစာကြက်မအဖြစ် မွေးမြူထားခြင်း မဟုတ်ဘဲ အသားစားကြက်အဖြစ် မွေးမြူထားသော ကြက်မများ အုသည့် ကြက်ဥများကို ယခင်က အိမ်မွေးတိရစ္ဆာန်အစာနှင့် စားသောက်ကုန် ကုန်ကြမ်းတို့အတွက်သာ အသုံးပြုခွင့် ပေးထားသည်ကို ဖြေလျော့ပြီး လူအများ စားသုံးရန်အတွက် ရောင်းချရန် ခွင့်ပြုပေးထားသည်။
Mar 26 • 8:49 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


