မတ်လ ၂၆ရက်နေ့မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)၏ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အမျိုးသား ဇာတ်ရုံ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ အထက်တန်းကျောင်း(မန္တလေး)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းချီ၊ ပန်းပု ကျောင်းဆင်းလက်ရာမွန်ပန်းချီကားများနှင့် ပန်းပုရုပ်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
Mar 26 • 8:34 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 19 | 0 | 0 | 0 |


