မတ် ၂၆ သတင်း ကြေငြာချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁/၂ဝ၂၅ ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ရရှိတော်မူသော မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တကေသဝ မဟာထေရ်မြတ်ကြီးအား ထပ်ဆင့် ဂုဏ်ပြုပူဇော်ခြင်း ဂုဏဝိသိဋ္ဌပူဇာသဘင် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ရွှေအင်းဝဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တကေသဝ မဟာထေရ်မြတ်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ကျင်းပ
Mar 26 • 8:32 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |


