မတ် ၂၆ ရက် ကြေငြာချက် အရမကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့တွင်းလမ်း နိုင်လွန်ကတ္တရာ ကွန်ကရစ်(AC)လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းပူးဦးဩဘာသ မြို့နယ်ခန်းမရှေ့ မိန်းလမ်းမပေါ်၌ ကျင်းပသည်။ ရှေးဦးစွာ အခမ်းအနားတွင် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့တွင်း လမ်းဖွင့်ပွဲမုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနဌာနချုပ် ကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၊ မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့သော ဘင်ခရာနှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ကာ မင်းဘူးမြို့တွင်းလမ်းရှိ နိုင်လွန်ကတ္တရာ ကွန်ကရစ်(AC)လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့တွင်းလမ်း၌ နိုင်လွန်ကတ္တရာကွန်ကရစ်(AC)လမ်း ဖွင့်လှစ်
Mar 26 • 8:23 AM
မြန်မာ
မကွေး
မျှဝေမည်
| 20 | 0 | 0 | 0 |


