back

၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့အတွက် မိုးဇလမှ ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ထုတ်ပြန်

Mar 26 • 6:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့အတွက် မိုးဇလမှ ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ထုတ်ပြန်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့အတွက်မိုးဇလမှ ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ထုတ်ပြန်မှုအရ-ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မ...

၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့အတွက်

မိုးဇလမှ ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ထုတ်ပြန်မှုအရ-ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီးအမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့

ရေပြင်လေဟာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်ထိလှိုင်းအ‌ခြေအနေဟာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိ၍လှိုင်းအမြင့်ဟာ ၄ ပေမှ ၇ ပေခန့်ထိရှိနိုင်၍ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ-မိုးလေ၀သအ‌ခြေအနေအရ အများအားဖြင့် သာယာမည်ဖြစ်ကာအမြင့်တာ-၅ မိုင်နဲ့ရေပြင်လေဟာ မြောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်ဖြစ်၍လှိုင်းအ‌ခြေအနေဟာ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ ၅ ပေမှ ၇ ပေခန့်ထိရှိနိုင်ပါတယ်။


news-view-count-icon

18