back

ဘင်္ဂလားဒေ့ရှ်က Starlink အင်တာနက်သဘောတူညီချက်ကို ၃ လအတွင်း ချုပ်ဆိုမည်

Mar 26 • 6:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘင်္ဂလားဒေ့ရှ်က Starlink အင်တာနက်သဘောတူညီချက်ကို ၃ လအတွင်း ချုပ်ဆိုမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်း အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန် အီလွန်မတ်စ်၏ SpaceX ပိုင် ဂြိုဟ်တုအင်တာနက်ကွန်ရက် Starlink နှင့် သဘောတူညီချက်တရပ်ကို သုံးလအတွင်း ချုပ်...

ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်း အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန် အီလွန်မတ်စ်၏ SpaceX ပိုင် ဂြိုဟ်တုအင်တာနက်ကွန်ရက် Starlink နှင့် သဘောတူညီချက်တရပ်ကို သုံးလအတွင်း ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်အကြီးအကဲ မူဟာမတ်ယူနွတ်စ်က မတ်လ ၂၅ ရက်က ပြောသည်။သဘောတူစာချုပ်အရ ယုံကြည်စိတ်ချရသည့် အင်တာနက်ဝန်ဆောင်မှုကို ရရှိမည်ဖြစ်ပြီး နိုင်ငံရေးကသောင်းကနင်းဖြစ်မှုကြောင့်လည်း အင်တာနက်ပြတ်တောက်နိုင်တော့မည်မဟုတ်ကြောင်း ယမန်နှစ်က ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာ ဖြုတ်ချခံရပြီးကတည်းက ဘင်္ဂလားဒေ့ရှ်အစိုးရကို ဦးဆောင်ခဲ့သူ ယူနွတ်စ်က ပြောသည်။

news-view-count-icon

17